စဉ့်ကိုင်မြို့နယ်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားသည့် စံပြဝါစိုက်ခင်းအား ကွင်းသရုပ်ပြပွဲ ပြုလုပ်

စဉ့်ကိုင် အောက်တိုဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားသည့် ကန်တွင်းကျေးရွာ၊ တောင်သူ ဦးမျိုးမင်းထွန်း၊ ကွင်းအမှတ်၄၄-ခ၊ ဦးပိုင် ၃၉/ ၁၊ မိုး/ မိုးနှောင်း ချည်မျှင်ချည်ဝါ B-31 ယာမြေ ၅ ဧက စံပြဝါစိုက်ခင်းအား ယမန်နေ့နံနက်ပိုင်းက ကွင်းသရုပ်ပြပွဲ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကွင်းသရုပ်ပြပွဲတွင် ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးမင်းကြည်မှ ဝါပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ပတ်သက်၍ လိုက်နာရမည့် နည်းပညာများကို ဆွေးနွေးရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးသန်းဇော်မှ ကွင်းသရုပ်ပြပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် နည်းပညာများ ထပ်ဆင့်ဆွေးနွေးခဲ့ပါသည်။ ကွင်းသရုပ်ပြပွဲသို့ ခရိုင်/ မြို့နယ် စိုက်/ ညှိအဖွဲ့ဝင်များနှင့် တောင်သူများ စုစုပေါင်း ၇၀ ဦး တက်ရောက်ခဲ့ပြီး၊ ‌တက်ရောက်လာသော တောင်သူများအား ဂျစ်ပဆန်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

သက်မောင်(ကျောက်ဆည်)