လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ရာနှုန်းပြည့် ကောက်ယူပြီးစီး

လယ်ဝေး အောက်တိုဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊  လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများအား  အောက်တိုဘာ ၁ ရက်မှစတင်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးသန်းခေါင်စာရင်း ကော်မတီများ၊ စာရင်းစစ်၊ စာရင်းကောက် ဆရာ၊ဆရာမများ ပူးပေါင်း၍ ကောက်ယူခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၆၀ ရှိပြီး စာရင်းကောက်ကွက်ပေါင်း ၆၆၁၊ တပ်ရင်းတပ်ဖွဲ့ ကောက်ကွက် ၉ ကွက်၊ စုစုပေါင်း ကောက်ကွက် ၆၇၀ ဖြင့် အိမ်ထောင်စုပေါင်း ၆၇၂၈၇ စု၊ လူဦးရေ ၂၆၂၃၄၆  ဦးအား ကောက်ယူနိုင်ခဲ့ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ဝေကြည်(ပြန်/ဆက်)