ကျိုက်မရော အောက်တိုဘာ ၁၅
မွန်ပြည်နယ်၊ ကျိုုက်မရောမြို့နယ်တွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရေးပါသော စိုက်ပျိုးရေးထွက်ကုန်များအား ရည်မှန်းချက်ပြည့်မီရေးအတွက် တောင်သူများက ယခုနှစ် ဆောင်းရာသီ၌ ဆောင်းသီးနှံများ စိုက်ပျိုးရန် (၅၆၇၀)လျာထားပြီး ဆီထွက် သီးနှံ( ၁၉၆၅)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်းမြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ သိရသည်။
ဆီထွက်သီး နှံ များဖြစ်သည့်မြေပဲ စိုက်ဧက ၆၆၇ ဧက၊ ဆောင်းနှမ်းဧက ၂၄၅၊ နေကြာ ၁၀၅၃ ဧက စုစုပေါင်းဧက(၁၉၆၅)ဧက အားလျာထားချက်နှင့်အညီ စိုက်ပျိုးနိူင်ရေးအတွက် ကျေးရွာများအလိုက် တောင်သူပညာပေးဆွေးနွေးပွဲများ၊ မျိုးကောင်းမျိုးသန့်များ၊ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေး မြေသြဇာ စနစ်တကျသုံးစွဲရေးနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းအား ဖြန့်ဝေပေးခြင်းနှင့် တောင်သူများ၏လိုအပ်ချက်များကို သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့်ပံပိုးမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက တောင်သူများနှင့် ပူးပေါင်းကာဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)