အောင်ပန်းမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့်လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၃)သင်တန်းဆင်းပွဲကျင်းပ

ကလော   အောက်တိုဘာ  ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်အောင်ပန်းမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၃)သင်တန်းဆင်းပွဲ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖနှင့်သင်တန်းသားများတက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သင်တန်းဆင်းအမှာစကားပြောကြာရာတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပညာရှာမှီး ရင်းတိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပြည်ထောင်စုအပြိုကွဲရေး၊ တိုင်ရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သော လူငယ်များဖြစ်လာစေရန်၊ စက်မှုလက်မှုပညာရပ်များတက်မြောက်၍ သင်တန်းဆင်ပြီးသွားပါက မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြန်လည်ဆောင်ရွက်စေရန်၊ နယ်စပ်ဒေသစက်မှုလက်မှုလုပ်ငန်းများ ထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရန်နှင့် စက်မှုလက်မှုပညာရပ်များတက်မြောက်၍ သင်တန်းဆင်းပြီးသွားပါက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းဖြင့်စားဝတ်နေရေး ဘက်စုံတိုးတက်ပြီး လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်ချက်(၅)ရပ်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများက လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းတွင် ထူးချွန်ရရှိသည့် သင်တန်းသားများနှင့် သင်တန်းဆင်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း ခေတ္တကျောင်းအုပ် ဦးမင်းဗညားချမ်းတိန်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်

အဆိုပါသင်တန်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ ပထမအကြိမ်အဖြစ် သင်တန်းများကို သင်တန်းသား(၃၀)ဦးဖြင့် ၂၀-၅-၂၀၂၄ ရက်နေ့မှ ၁၅-၁၀-၂၀၂၄ ရက်နေ့အထိ သင်တန်းကားလ ၂၂ ပတ်ဖြင့်၊ စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းစနစ်ဖြင့် ကျွမ်းကျင်နည်းပြများဖြင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)