ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မုန့်လုပ်နည်းသင်တန်း ဖွင့်လှစ်

ကျိုက်ထို အောက်တိုဘာ ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မုန့်လုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကျိုက်ထိုခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်လှိုင်းဝေနှင့် မြို့နယ်မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်း‌အေးတို့က အမှာစကား‌ ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က သီတင်းကျွတ်ကျောင်းပိတ်ရက် အားလပ်ရက်တွင် အမျိုးသမီးငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရန်၊ အိမ်တွင်းလက်မှုပညာများကို တတ်မြောက်စေရန် စွမ်းရည်ပြည့်ဝသော နိုင်ငံ့သမီးကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြဆရာမ ဒေါ်နှင်းယုဝေက ငှက်ပျောကောက်ညှင်းထုပ်၊ ပဲကောက်ညှင်းထုပ်၊ ပြာရည်ထုပ်ပြုလုပ်ရာတွင် ပါဝင်ရမည့် ပစ္စည်းများနှင့် ပြုလုပ်ပုံအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားကာ လက်တွေ့သင်ကြားပြသ‌ပေးခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ (၂၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)