ကျိုင်းတုံမြို့၌ နွားမေထုန်မဲ့သားစပ်သင်တန်း ဖွင့်လှစ်

ကျိုင်းတုံ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နွားမေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်‌ရေးအဖွဲ့ခွဲ(ရှမ်းအ‌ရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မွေးမြူ‌ရေးနှင့်ကုသရေးဦးစီးဌာန(ကျိုင်းတုံ)ရုံး၊ တွဲဖက်ပြည်နယ်ဦးစီးမှူး ဒေါက်တာမျိုးနိုင်က ဒေသအတွင်း နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းနို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်မှုူ မြင့်မားလာစေရန်နှင့် ပြည်ပမှ နို့နှင့်နို့ထွက်ပစ္စည်းတင်သွင်းမှုလျော့ချနိုင်ရန်၊ တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ်နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုထွန်းကားလာစေရန်၊ အသားငါးကဏ္ဍထုတ်လုပ်မှု မြှင့်တင်ရန်၊ စားသုံးမှုဖူလုံစေရန်နှင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်မျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်အတွက် မျိုးမြှင့်တင်သားစပ်ခြင်း၊  မေထုန်မဲ့သားစပ်သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့‌နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီး ကြည်မင်းသိန်းက သင်တန်းသားများအား သင်တန်းလက်စွဲစာအုပ်များ လွှဲပြောင်းပေးအပ်ပြီး တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့်  နွားမေထုန်မဲ့သားစပ်လုပ်ငန်းဆိုင်ရာ ဆက်စပ်ပစ္စည်းများအား ကြည့်ရှုအားပေးသည်။

အဆိုပါသင်တန်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ်များမှ သင်တန်းသား ၉ ဦးတက်ရောက်ပြီး  အောက်တိုဘာ ၁၄ ရက်မှ  ၂၃ ရက်ထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)