ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၁၄

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် အောက်တိုဘာ (၁၆) ရက်မှ (၁၈) ရက်အထိ ၃ ရက်ကြာ MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီက ကြေညာထားသည်။

MSME ထုတ်ကုန်ဈေးရောင်းပွဲတွင် အဓိကထုတ်ကုန်များအပါအဝင် အခြားသောထုတ်ကုန်အမည်အမျိုးမျိုးကို ပါဝင်ပူးပေါင်းရောင်းချခြင်းဖြင့် မိမိတို့ထုတ်ကုန်များအား အချင်းချင်း ပညာရပ်ဆိုင်ရာ ဖလှယ်နိုင်ခြင်း၊ ပြည်သူများ ပြည်တွင်းဖြစ်ကို ပိုမိုဝယ်ယူ အားပေးလာနိုင်ခြင်း၊ ထုတ်ကုန်ပစ္စည်းများ၏ လုပ်ငန်းသဘော သဘာဝနှင့်အနာဂတ်အတွက် ရည်ရွယ်ထားသော လုပ်ငန်းများအတွက် အကြံဉာဏ် အတွေးအခေါ်ကောင်းများရရှိစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့်တိုင်းဒေသကြီးအတွင်း၌ဈေးရောင်းပွဲတော်များ၊ စက်မှုထုတ်ကုန်များကို ရောင်းချခြင်းဖြစ်သည်။

အဆိုပါ ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှဒေသထွက်ကုန်ပစ္စည်းများနှင့် အစားအစာအရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ဈေးဆိုင်ခန်းပေါင်း (၄၂ဝ) ခန့်ရောင်းချ

ပေးသွားမည်ဖြစ်ပြီး ပွဲတော်ရက်များအတွင်း အလှူရှင်များ၏ နေ့စဉ်စတုဒီသာကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်နှင့်ဂီတနယ်ပယ်မှ ကျော်ကြားလျက်ရှိသော အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး ပွဲတော်လာပြည်သူများ သွားလာရေးအဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိမည် ဖြစ်သည်။

ဈေးရောင်းပွဲတော်ကို နံနက် (၈) နာရီမှ ည (၁၀) နာရီအထိ စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများကို ရောင်းချသွားမည်ဖြစ်ပြီးအလှပန်းခင်းများ၊ အလှမီးများအပြင် သီတင်းကျွတ်လပြည့်နေ့တွင်မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်‌သောကြောင့် မည်သူမဆို ပျော်ရွှင်စွာလာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)