ရန်ကင်း အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ် (၅)ရပ်ကွက် ဓမ္မိကဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီက ၄၉ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး အမှတ် (၅) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီအတွင်းရေးမှူး ဦးဇော်မင်းထွန်းက ဘဏ္ဍာရေးဆိုင်ရာ ရ/သုံးငွေစာရင်းကို ဖတ်ကြားသည်။ ထို့နောက် ရပ်ကွက်အတွင်းရှိ အသက် ၇၅ နှစ်အထက် ဘိုး၊ ဘွား ၁၈၀ ဦးအား ပူဇော်ကန်တော့ချိုးတိုင်တည်ကာ ကန်တော့ခဲ့ကြပြီး ပင်မကန်တောခံငွေများနှင့် ကန်တော့ခံပစ္စည်းများကို ဘိုးဘွားများအား ပေးအပ်လှူဒါန်းခဲ့ကြပြီး တစ်ဦးချင်းအလှူရှင်များ၏ ကန်တော့ခံငွေများကို စာအိတ်ထဲထည့်ကာ စာရေးတံမဲနှိုက် လှူဒါန်းပေးအပ်ကန်တော့ခဲ့ကြကြောင်း သိရသည်။
လှလှထွေး