ပင်လောင်းမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပင်လောင်း နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အမှတ်(၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံး (ရှမ်း/တောင်) လက်အောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ် (ပင်လောင်း)မှ ယနေ့နံနက်ပိုင်း က မြို့မရဲစခန်းရှေ့၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချ၍  အဆင်ပြေ ချောမွေ့စွာ ခရီးသွားလာနိုင်ရေး၊ ယာဉ်မတော်တဆဖြစ်ပွားမှုမှ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှုမှ ကာကွယ်နိုင်ရေးနှင့် မော်တော်ယာဉ်မောင်းသူများ၊ ဆိုင်ကယ်မောင်းသူများအနေဖြင့် သိရှိထားရမည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လေးစားလိုက်နာခြင်းဖြင့် မိမိတို့၏ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ် (ပင်လောင်း)မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ဆိုင်ကယ်များအား ရောင်ပြန် စတစ်ကာများကပ်ပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ခွန်အာကာစိုး(ပင်လောင်း)