အလုံမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး

အလုံ အောက်တိုဘာ ၁၄

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်း အောက်တိုဘာလ(၁)ရက်နေ့မှစတင်၍ သက်ဆိုင်ရာသန်းခေါင်စာရင်းကောက်ကွက်များအလိုက် ကောက်ယူလျက်ရှိရာ ယနေ့တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ကြည့်ရှုအားပေးရာတွင် အလုံခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ကြီးကြပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူပူးပေါင်းအဖွဲ့တို့မှ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယမန်​​နေ့ထိ စာရင်းစစ်/စာရင်းကောက်အဖွဲ့ (၇)ဖွဲ့ဖြင့် ကောက်ယူလျက်ရှိရာ အိမ်ထောင်စု (၅၈၀)၊ ကျား (၈၇၇)ဦး၊ မ (၁၂၇၄)ဦး၊ စုစုပေါင်း (၂၁၅၁)ဦး ကောက်ယူပြီးစီးခဲ့ပြီး ကောက်ကွက်ပေါင်း (၉၆) ကွက်တို့တွင် ကောက်ကွက် (၈၄) ကွက်၊ အိမ်ထောင်စုပေါင်း (၈၇၁၂)၊ ကျားလူဦးရေးပေါင်း (၁၆၅၄၈)ဦး၊ မလူဦးရေပေါင်း (၂၀၉၆၃) ဦး၊ စုစုပေါင်းလူဦးရေ (၃၇၅၁၁) ဦး ကောက်ယူ​ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်၊ ပြန်/ဆက်)