လယ်ဝေး အောက်တိုဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ရေကြီးနစ်မြုပ်ခြင်းများဖြစ်ပေါ်ခဲ့ရာ ပြန်လည်ထူထောင်ရေးအတွက် ဌာနဆိုင်ရာများက ကဏ္ဍအလိုက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှု၊ လယ်ဝေးမြို့ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်ကြီးကြပ်မှုဖြင့် ကျန်းမာရေးမှူး ၅ ဦးပါ အဖွဲ့ ၇ ဖွဲ့က လေးကသိန်း၊ အောင်သုခ၊ မြောင်းမြ၊ အုတ်ဖိုဇောင်း၊ နနွင်းအိုင်၊ လက်ပံတန်းကျေးရွာများတွင် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကလိုရင်းခပ်ခြင်း၊ ကျန်းမာရေးပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)