တပ်ကုန်း အောက်တိုဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ရာဂီမုန်တိုင်းအချိန်ဖြင့် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကံကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၄၂၆ ကွင်းတွင် ကျင်းပခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက သဘာဝဘေးကြောင့်ဖြစ်ပွားခဲ့သည့်ရပ်ကွက်၊ ကျေးရွာများတွင် သေဆုံးမှုနှင့်မျောပါအိမ်များအတွက် စနစ်တကျထောက်ပံ့ရေးလုပ်ငန်းများ၊ တိရစ္ဆာန်အသေများ အနံ့အသက်မထွက်ရှိအောင် ပရဟိတအဖွဲ့များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ရပါကြောင်း၊ ကျေးရွာချင်းဆက်လမ်းပျက်စီးမှုများအား စက်ယန္တရားများဖြင့် အမြန် ကောင်မွန်းသွားလာနိုင်ရေး၊ သောက်သုံးရေရရှိအောင် စက်ရေတွင်း၊ လက်နှိပ်တွင်းများကို တွင်း ဆေး၊ တွင်းမှုတ်လုပ်ငန်းများ၊ လျှပ်စစ်မီးအမြန်ရရှိကောင်းမွန်းလာအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြေအသုံးချရေးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးဝင်းဦးက ရေကြီးနစ်မြုပ်မှုကြောင့်ထိခိုက်ခဲ့သည့် စပါးခင်းများအား ပြန်လည်ကုစားရန်နှင့် သွင်းအားစုထည့်သွင်းခြင်းနှင့် သတိပြုသင့်သည့် နည်းပညာရပ်ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ညွှန်ကြားရေးမှူး ဦးဝင်းဦး၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်နှင့်တာဝန်ရှိသူများက စပါးစိုက်ခင်း ၁၀၀ဧကအတွက် မာလာမြိုင်ကုမ္ပဏီမှ ကူညီပံ့ပိုးသည့် ပိုတက်ဓာတ်မြေဩဇာ၊ ကျောက်မှုန့်၊ မှို သတ်ဆေးနှင့်ပိုးသတ်ဆေးများကို တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး ဦးထွန်းညွန့်က သွင်းအားစုများ အချိုးကျရောစပ်ပုံ၊ အသုံးပြုပုံအဆင့်ဆင့်ရှင်းလင်း ပြောကြားပြီး၊ စပါးခင်းများအတွင်း သွင်းအားစုများနှင့်ပိုးသတ်ဆေး ဖျန်းပက်ခြင်း ကွင်းသရုပ်ပြမှုများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ညွှန်ကြားရေးမှူး ဦးဝင်းဦးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူး ဒေါ်မော်လီဝင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME)အသင်းမှဒုဥက္ကဋ္ဌ ဦးကျော်စိုးလွင်တို့နှင့်အတူ ဗိုလ်မင်းရောင်ရပ်ကွက်၊ အောင်ဆန်းခန်းမတွင် ရေဘေးသင့်အိမ်ထောင်စုများအား အိမ်ထောင်စုလူဦးရေစာရင်းပေးအပ်ခြင်း၊ ရိက္ခာ ၅ မျိုး ပေးအပ်ခြင်းနှင့် နေအိမ်မျောပါအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းပေးအပ်ပွဲ တက်ရောက်ခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် မိုးလေဝသမှန်ကန်ရေးအတွက် နှစ်ရှည်အပင်များစိုက်ပျိုးနိုင်ရေး၊ သစ်တောသစ်ပင် ခုတ်ထွင်မှုမရှိစေရေး၊ လယ်ယာမြေများအတွင်း အမှိုက်များမီးမရှို့စေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ်အတွင်း သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ပညာပေးဆွေးနွေးရန်နှင့်ပျက်စီးသွားခဲ့သည့် လယ်ယာမြေများကိုလည်း ပြန်လည်ကုစားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြီးကြပ်ရေးကော်မတီအဖွဲ့၊ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်၊ လမ်း၊ တံတား၊ လျှပ်စစ်မီးများနှင့် ပျက်စီးဆုံးရှုံးမှုများကို သက်ဆိုင်ရာဌာနအလိုက် စိစစ်ဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့ပြီးနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ပေးအပ်သော ရေမျောပါနေအိမ် ၃၀၇ လုံးအတွက် တစ်အိမ်ထောင်လျှင် တစ်သိန်းနှုန်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် ၃၆၂ အိမ် အတွက် တစ်အိမ်ထောင်လျှင် ၅ သောင်းနှုန်း၊ ပေးအပ်ရန်ကျန် ရေဘေးသင့်အိမ်ထောင်စု ၂၀၈ စုအတွက် တစ်အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ Family Kid ပုံး တစ်ပုံးစီနှင့် နေပြည်တော်ကောင်စီမှ ထောက်ပံ့သော ရိက္ခာ ၅ မျိုးနှင့် ရပ်ကွက်၊ ကျေးရွာများတွင် ရေဝင် ရောက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် အိမ်ထောင်စုလူဦးရေစာရင်းအသစ် ၃၃၉၄ ခုအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်