မိတ္ထီလာ အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ကွက်အလိုက် ဆက်လက်ကောက်ယူမှုကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ရာ ကောက်ကွက် ၅၅၀ ရှိ အိမ်ထောင်စု ၆၀၃၃၉ စု လူဦးရေ ၂၄၅၀၆၈ ဦး ကောက်ယူပြီးစီးရာ ၇၇.၂၅ ရာခိုင်နှုန်းပြီးစီပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူမှုကို စာရင်းစစ် ၅၉ ဦးနှင့် စာရင်းကောက် ၂၂၃ ဦး စုစုပေါင်း ၂၈၂ ဦးတို့ဖြင့် ကောက်ကွက် ၇၁၂ကွက်အား အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ကောက်ကွက်အလိုက် နေ့စဉ်ကောက်ယူလျက်ရှိသည်။ ၎င်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ကွက်အလိုက် ကောက်ယူမှုကို လူဝင်မှုကြီကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ မိတ္ထီလာခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းကျော်နှင့် မိတ္ထီလာမြိုနယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းနှင့်တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို မြို့နယ်အတွင်းရှိ ကောက်ကွက် ၇၁၂ ကွက်အား အိမ်ထောင်စုကောက်ကွက် ၅၄ ဖွဲ့ဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအချိန် ကောက်ကွက်အလိုက်ကောက်ယူလျက်ရှိရာ အောက်တိုဘာလ ၁၁ ရက်နေ့အထိ ကောက်ကွက် ၅၅၀ ရှိ အိမ်ထောင်စု ၆၀၃၃၉ စု လူဦးရေး ကျား ၁၁၀၉၄၄ ဦး၊ မ ၁၃၄၁၂၄ ဦး စုစုပေါင်း ၂၄၅၀၆၈ ဦး ကောက်ယူပြီးစီးရာ ရာခိုင်နှုန်း ၇၇.၂၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)