ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်နေ့တွင် စတင်ဖွင့်လှစ်မည်

ကျိုက်ထို အောက်တိုဘာ ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား (၁၃၈၆) ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၁၇ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ စတင်ဖွင့်လှစ်မည်ဖြစ်သည်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၇) ရက်‌နေ့ သီတင်းကျွတ်လပြည့်နေ့မှ ၂၀၂၅ ခုနှစ်‌ မေလ (၁၁) ရက်နေ့ ကဆုန်လပြည့်နေ့ထိ (၇) လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘုရားလာရောက်ဖူးမြော်သူများ အဆင်‌ပြေချောမွေ့စွာ တောင်တော်‌ပေါ်တက်‌ရောက်နိုင်ရန် တောင်တက်ကား (၁၅၀) စီးကို နေ့စဉ်ပြေးဆွဲ‌ပေးမည်ဖြစ်‌ကြောင်း၊ တောင်ပေါ်တွင် စားသောက်ရေး၊ တည်းခိုနေထိုင်နိုင်ရေးအတွက် တည်းခို‌ဆောင်များ၊ ထမင်းဆိုင်များနှင့် အမှတ်တရအ‌ရောင်းဆိုင်များတို့မှာလည်း ကြိုတင်ပြင်ဆင်‌ဆောင်ရွက်နေပြီဖြစ်ကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ သိရသည်။

ဝင်းမောင်(ကျိုက်ထို)