ကလော အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ နေ့အထိ မိုးသန်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဝင်မှုနှင့်တောတောင်များ ပြိုကျမှုကြောင့် ရေအေးကန်ဆည်မှ မြို့တွင်းရေပေးဝေရေး ပိုက်လိုင်းများ ပျက်စီးခဲ့ရာ ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စည်ပင်သာယာရေးဌာနမှ ရေပိုက်လိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့သို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကလောတပ်နယ်မှူး ဗိုလ်မှုးချုပ် ကျော်ကျော်ဟန်၊ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမြင့်နှင့်အဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့်တာဝန်ရှိသူများ ရေပိုက်လိုင်း ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများ၊ တောင်ပြိုကျထားမှုအခြေအနေများ၊ ရေအေးကန်ဆည်တမံကြံ့ခိုင်မှု အခြေအနေများ၊ ရေစစ်ကန်လည်ပတ်မှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ဒုတိယအပတ်အတွင်း အမြန်ဆုံးရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ပြီး မြို့နေပြည်သူအား သောက်သုံးရေ ပြန်လည်ပေးဝေနိုင်ရေး ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)