လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ သာသနာ့မကုဋအတုလဗိမာန်(၃)ထပ်ဆောင်၌ ယနေ့နံနက် ၇ နာရီတွင် စာရင်းကောက်များကို စုရပ်ပြုလုပ်၍ ရွှေလင်ပန်းကျေးရွာ၊ ညောင်ကျေးရွာအုပ်စုတို့တွင် ပြည်သူများအား၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအချက်အလက်များကို ကွင်းဆင်း၍ ဆက်လက်ကောက်ယူလျက်ရှိသည်။
ထိုသို့ စုရပ်ပြုလုပ်ရာ၌ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅)ရွာ၊ စုစုပေါင်း ၁၄ အုပ်စုတို့တွင် ကောက်ယူနေသော ညောင်ကျေးရွာတွင် လူဦးရေအချက်အလက်များနှင့် အိမ်ထောင်စု ၃၂၃၅ စုတို့တွင် ကျား ၆၀၅၆ ဦးနှင့် မ ၆၆၈၂ ဦးတို့၌ စုစုပေါင်း ၁၂၇၃၈ ဦးရှိပြီး မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ လူနေအိမ်များသို့ CAPI နည်းပညာဖြင့် Tablet အသုံးပြုပြီး လိုအပ်သည့် အချက်အလက်များကို ပြည်သူများအား မေးမြန်းကောက်ယူလျက်ရှိသည်။
ထိုသို့ကွင်းဆင်းကောက်ယူရာ၌ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ မှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်းအိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာအချက်အလက်များကို တစ်အိမ်တက်ဆင်းကောက်ယူရာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကို၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြည်သာဇော်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးသန့်ဇင်နှင့်ဝန်ထမ်းများက ကောက်ကွက်(၅၃)ကွက်ရှိစာရင်းကောက်များ၏ လိုအပ်သည့်အချက်များကို ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပြီး ရွှေလင်ပန်းကျေးရွာရှိ အိမ်ထောင်စုစာရင်းများကို ကောက်ယူရာ၌ တာဝန်ရှိသူတို့က ကြည့်ရှုအားပေးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ ( ပြန်/ဆက်)