သံဖြူဇရပ်မြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်း​လျှော​ရောဂါကာကွယ်​ဆေး(OCV) တိုက်ကျွေးခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအ​ဝေးပြုလုပ်

သံဖြူဇရပ် အောက်တိုဘာ ၁၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်အဆင့်ပြင်းထန်ဝမ်းပျက်ဝမ်း​လျှော​ရောဂါကာကွယ်​ဆေး(OCV) တိုက်​ကျွေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြည်သူ့​ဆေးရုံအစည်းအ​ဝေးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​အောင်မိုးလွင်က မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်း​လျှော​ရောဂါဖြစ်ပွား​နေမှုအ​ခြေအ​နေနှင့် ရောဂါကာကွယ်​ရေးလုပ်ငန်းများတွင်အားလုံးမှ ပူး​ပေါင်းပါဝင်​ဆောင်ရွက်ကြ​​စေ​ရေး အဖွင့်အမှာစကား​ပြောကြားပြီး၊ မြို့နယ်ကုသ​ရေးဦးစီးဌာနမှူး​ဒေါက်တာမင်းသန့်ဇင်က မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်း​လျှော​ရောဂါ တိုက်​ကျွေးမည့်အစီအစဥ်များ၊ မြို့နယ်အတွင်းဖြစ်ပွား​နေသည့်ကျိူက္ခမီမြို့အပါအဝင် ရပ်ကွက်​ကျေးရွာအချို့၏ ကာကွယ်​ဆေးတိုက်​ကျွေး​နေမှုအ​ခြေအ​နေနှင့် ဆက်လက်တိုက်​ကျွေးမည့်အစီအစဥ်များ၊ ကျိုက္ခမီဆု​တောင်းပြည့်​ရေလယ်ဆံ​တော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိဘုရားပွဲ​တော်ကာလတွင် ကျန်းမာ​ရေးဝန်ထမ်းများမှ ဘုရားဖူးလာပြည်သူများအား လက်ကမ်းစာ​စောင်များဖြန့်​ဝေပေးခြင်းဖြင့် အသိပညာ​ပေးလုပ်ငန်းများ​ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါအစည်းအ​ဝေးသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ ဆရာဝန်ကြီးနှင့်ကျန်းမာ​ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များတက်​ရောက်ခဲ့ကြပြီး၊ တက်​ရောက်လာသူများမှ ကာကွယ်ဆေး(OCV) တိုက်​ကျွေးမည့်အစီအစဥ်များနှင့်ပတ်သက်၍ တင်ပြ​ဆွေး​နွေးမေးမြန်းရာ တာဝန်ရှိသူမှ ပြန်လည်​ဖြေကြား​ပေးသည်။

သံဖြူဇရ်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်​ဝမ်း​လျှေ​ရောဂါကာကွယ်​ဆေး(OCV) တိုက်ကျွေခြင်းကို ​ရောဂါဖြစ်ပွား​နေသည့်​နေရာများနှင့် အနီးပတ်ဝန်းကျင်တို့၌ ​အောက်တိုဘာ ၈ ရက်​နေ့မှ စတင်၍ ၁၅ ရက်​နေ့အထိ တိုက်​​ကျွေးသွားမည်ဖြစ်ပြီး ပြည်သူ(၂၉၀၀၀) ​ကျော်ကို တိုက်​ကျွေးသွားမည်ဖြစ်​ကြောင်း မြို့နယ်ကုသ​ရေးဦးစီးဌာနမှူး ​ဒေါက်တာမင်းသန့်ဇင်ထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)