UNICEF အဖွဲ့မှ မိုင်းပန်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ အခမဲ့ဖြန့်ဝေ

မိုင်းပန် အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် UNICEF အဖွဲ့မှ ကယ်ဆယ်ရေးပစ္စည်းများကို ‌အရှေ့ရပ်ကွက်၊ ညောင်ကိုးပင်ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၁၀ နာရီက အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ရေဘေးသင့်ပြည်သူများအား လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့များ၏ ကဏ္ဍပေါင်းစုံပါဝင်သော ကယ်ဆယ်ရေးပစ္စည်း‌များ ဖြန့်ဝေခြင်းတွင် မိုင်းပန်မြို့နယ်အတွင်း ရေဘေးသင့်သော အရှေ့ကျေးရွာအုပ်စု၊ ‌လွိုင်နွဲ့ကျေးရွာအုပ်စု၊ နောင်ဟီးကျေးရွာအုပ်စုနှင့် ဆားဝါကျေးရွာအုပ်စုအတွက် အိမ်ထောင်စုတစ်စုလျှင် Hygiene Kit သန့်ရှင်းရေးပစ္စည်း(၅)မျိုး (၁)စုံ၊ ပလတ်စတစ်ပုံး (၁)ပုံး၊ တာပိုလင်စနှင့်ကြိုး၊ ရေသန့်ဆေးပြား၊ ကလေးအသုံးအဆောင်ပစ္စည်းအိတ် (၁)အိတ်၊ မူလတန်းအရွယ်ကလေးတစ်ဦးအတွက်အတွက် ကျောပိုးအိတ် (၁)အိတ်၊ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအတွက် တစ်ခါသုံးမွေးသန့်ထုပ်(CDK) (၁)ထုပ်၊ အသက် ၁၂ နှစ်မှ ၄၉ နှစ်ကြား အမျိုးသမီးရှိသော မိသားစုတွင် တစ်ကိုယ်ရေသုံးပစ္စည်းအိတ် (Dignity Kits) တစ်အိတ် ဖြန့်ဝေပေးခဲ့ပြီး ငွေသား(မိသားစုအလိုက်) (၃၁၀၀၀၀)ကျပ် ဖြန့်ဝေပေးသွားမည်ဖြစ်ဖြစ်ကြောင်း UNICEF အဖွဲ့ ဦးကြည်စိုးထံမှ သိရသည်။

ဆက်လက်၍ UNICEF အဖွဲ့မှ Hygiene Kit သန့်ရှင်းရေးပစ္စည်းနှင့်ရေသန့်ဆေးပြား အသုံးပြုပုံ၊ အသုံးပြုနည်းများကို ပြည်သူများ သိရှိနားလည်နိုင်စေရန်အတွက် လက်တွေ့ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)