ကော့မှူးတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှု

ကော့မှူး အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း မြို့နယ်စာရင်းစစ် စာရင်းကောက်လုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့နံက် ၁၀ နာရီကစာရင်းကောက်ယူနေမှု အခြေအနေများအားလိုက်လံကွင်းဆင်း၍ ကြည့်ရှုနေကြကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုရာတွင် သန်းခေါင်စာရင်းကောက်များက လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများ မေးမြန်းကောက်ယူနေမှုများကို မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးစည်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်ဖြိုးမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြဇော်ဦးတို့က လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် ယမန်နေ့ထိ ကောက်ကွက်(၁၈၅)ကွက်ရာခိုင်နှုန်းအားဖြင့် (၇၀)ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးစည်သူထံမှသိရသည်။

ကျော်သူရ (ပြန်/ဆက်)