မြစ်သား အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူခြင်းကို အောက်တိုဘာ (၉)ရက်နေ့က ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အဆင့်ကြီးကြပ်မှုကော်မတီဝင်များ၊ စာရင်းစစ်၊ စာရင်းကောက် ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့၏ ရပ်ကွက်/ကျေးရွာအလိုက် အဖွဲ့များခွဲပြီး တစ်အိမ်တက်ဆင်းစနစ်ဖြင့် Mobile Tablet အသုံးပြုကာ မေးခွန်းများမေးမြန်းဆောင်ရွက်ပြီး ဆက်လက်ကောက်ယူခဲ့ရာ အောက်တိုဘာ (၉) ရက်နေ့အထိ ကောက်ယူပြီးစီးသည့် စာရင်းကောက်ကွက်ပေါင်း (၃၄၄)ခု၊ အိမ်ထောင်စု (၃၁၉၁၀) စုမှ လူဦးရေ (၁၁၅၄၅၇)ဦးတို့အား စာရင်းကောက်ယူနိုင်ခဲ့ပြီး ကျန်ရှိသည့် ကောက်ကွက်များအလိုက် စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆက်လက်ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်