တွံတေး အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်များသည် အောက်တိုဘာလ ၉ ရက်နေ့ နံနက် (၇) နာရီတွင်တမံကြီး၊ ရေကျော်၊ ကန်ရွာ၊ ကြည်တန်းကျေးရွာအုပ်စုများသို့ (၉)ရက်မြောက် ဆက်လက်ကွင်းဆင်း စာရင်းကောက်ယူလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုနှင့် ကျေးရွာခွဲများတွင် နေထိုင်သောသူများ၏ လူဦးရေဆိုင်ရာအချက်အလက်များ မေးမြန်းကောက်ယူနေမှုများကို တွံတေးခရိုင် ခရိုင်လဝကမှူး ဦးမောင်မောင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသုတအောင်၊ အတွင်းရေးမှူး ဦးကျော်ထူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တမံကြီး၊ ရေကျော်၊ ကန်ရွာ၊ ကြည်တန်းကျေးရွာအုပ်စုများသို့ စာရင်းကောက်ကွက် (၂၆)ကွက်တွင် စာရင်းစစ်၊ စာရင်းကောက် (၁၃၃)ဦး၊ အထောက်အကူပြု (၁၃၃)ဦးဖြင့် ဆောင်ရွက်နေမှုကို လှည့်လည်အားပေးကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းသည် လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်ထောင်စုများ၏ ဝိသေသလက္ခဏာများကို ရရှိနိုင်သည့် အရေးကြီးသော ရင်းမြစ်တစ်ခုဖြစ်သည်နှင့်အညီ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ နံနက်(၇)နာရီမှ ညနေ(၆)နာရီအတွင်း နေအိမ်များသို့ လိုက်လံကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေးသား