မြစ်သား အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များက အောက်တိုဘာလ (၁)ရက်နေ့မှစ၍ မြစ်သားမြို့နယ်နှင့် ကူမဲမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ သန်ခေါင်စာရင်းကောက်ကွက်များ ကောက်ယူလျက်ရှိရာ မြို့နယ်သန်ခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ သန်းခေါင်းစာရင်းကောက်ကွက်များတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများအတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကိုအချက်အလက်(၆၈)ချက် မေးမြန်းကာ Mobile Table များဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးချကာကောက်ယူလျက်ရှိပြီး ယနေ့မြစ်သားမြို့ရှိ ရပ်ကွက်ကြီး(၅)ရပ်ကွက်နှင့် ကျေးရွာများ၊ ကူမဲမြို့ရှိရပ်ကွက်များနှင့်ကျေးရွာများအား စာရင်းကောက်ယူရေးအဖွဲ့များက ဆက်လက်ကောက်ယူလျက်ရှိရာ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ထွန်း၊ ကူမဲမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်နှင့်အဖွဲ့ဝင်များ၊ မြစ်သားမြို့နယ်ပညာရေးမှူး ဒေါပြုံးကြည်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် မြစ်သားမြို့နယ်နှင့် ကူမဲမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ ကောက်ကွက်ပေါင်း(၅၉၂)ကွက်တို့၌ အဖွဲ့အစည်းကောက်ကွက်(၆)ကွက်၊ စာရင်းကောက်အဖွဲ့(၄၇)ဖွဲ့၊ စာရင်းစစ်(၄၇)ဦး၊ စာရင်းကောက်(၁၇၇)ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျစာရင်းကောက်ယူလျက်ရှိရာ အောက်တိုဘာ(၆)ရက်နေ့ထိ ကောက်ကွက်ပေါင်း (၁၉၁)ကွက်ကောက်ယူပြီးစီးပြီး ကျန်ရှိနေသောကောက်ကွက်များကို အချိန်မီပြီးစီးရေးအတွက်တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းကာ ကွင်ဆင်းကြည်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)