ကျောက်တံတား အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုသည် အောက်တိုဘာလ (၈) ရက်နေ့အထိ (၆၁) ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ယခုလက်ရှိမှာ သန်းခေါင်စာရင်းကောက်ယူမှု (၆၁.၄၂) ရာခိုင်နှုန်းပြီးပြီလို့ ပြောလို့ရပါတယ်။ ရပ်ကွက် (၉) ခုမှာ (၆) ခုနှင့် ကောက်ကွက် (၇၀) မှာ (၄၃) ကွက်ပြီးသွားပါပြီ ကျန်တာကိုလည်း ဆက်လက်ဆောင်ရွက်နေပါတယ်၊ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်း အပြီးသတ်ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်"ဟု မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၏ ပြောပြချက်အရ သိရှိရသည်။
ကျောက်တံတားမြို့နယ်ရှိ ရပ်ကွက်(၉)ရပ်ကွက်အတွင်း ကောက်ကွက်ပေါင်း(၇၀)အား စာရင်းစစ်၊ စာရင်းကောက်(၃၈)ဦးနှင့် Volunteer တို့က CAPI စနစ်ထည့်သွင်းထားသည့် Mobile Tablet များဖြင့် သက်ဆိုင်ရာ သန်းခေါင်စာရင်းကောက်ကွက်များအလိုက် တာဝန်ရှိသူများက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်တံတား(ပြန်ဆက်)