စဉ့်ကိုင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ ကြည့်ရှုအားပေး

စဉ့်ကိုင် အောက်တိုဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို မြို့နယ်စာရင်းစစ်/စာရင်းကောက်များက ယမန်နေ့နံနက် ၇ နာရီမှအချိန်မှစတင်၍ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့၀င်များက မြိုသစ်ရပ်ကွက်၊ တောမကျေးရွာအုပ်စု၊ ဘယ်လင်းကျေးရွာအုပ်စုနှင့် တောင်ရင်းကျေးရွာအုပ်စုများသို့ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ စာရင်းစစ်/စာရင်းကောက်များက Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူခဲ့ကြပြီး အောက်တိုဘာ (၆)ရက်​နေ့အထိ ကောက်ကွက် (၁၇၁)ထိ ကောက်ယူပြီးစီးကြောင်း  သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)