ကျောက်တံတားမြို့နယ် Community Based Facility Quarantine Centerသို့ နံနက်စာ ကြက်သား၊ နန်းကြီးသုတ်နှင့် လက်ဘက်ရည်များ လာရောက် လှူဒါန်း

ကျောက်တံတား နိုဝင်ဘာ ၂၄


ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယနေ့ နံနက်ပိုင်းက ဦးညီညီမင်း+ဒေါ်ကြည်ပြာတို့မှ ၇နှစ်ပြည့် မင်္ဂလာ နှစ်ပတ်လည်အလှူအဖြစ် နံနက်စာအာဟာရဒါနအဖြစ် ကြက်သားနန်းကြီးသုတ်နှင့် လက်ဘက်ရည် ဘူးများလာရောက် လှူဒါန်းခဲ့ ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine 
Center များကို ၃၈လမ်း Plaza အပေါ်ထပ်(၆)လွှာနှင့်(၇)လွှာတို့တွင် ဖွင့်လှစ်ဆောင်ရွက် ထားရာ အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင်အလှူရှင်များက နေ့စဉ် အလှူငွေ၊ ကာကွယ်ရေးသုံး ပစ္စည်းများ၊ရေသန့်ဘူးများ စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်းလျက်ရှိပြီး ကျောက်တံတားမြို့နယ်တွင် နိုဝင်ဘာလ (၂၃) ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ( ၄၇၅ )ဦးရှိပြီး ပြန်လည်သက်သာ ကောင်းမွန် လာသူ (၃၂၇)ဦး နှင့်သေဆုံးသူ(၂၆)ဦးရှိပြီဖြစ်ကြောင်း သိရသည်။ 
ရွှေနန်းမေ