သာစည်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေး

သာစည် အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ကွက်အသီးသီးတွင် စာရင်းစစ်/စာရင်းကောက်များ ဆက်လက်ကောက်ယူလျက်ရှိရာ ယမန်နေ့က ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းကျော်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အမှတ်(၄)ရပ်ကွက် ကောက်ကွက်များတွင် စာရင်းစစ်၊ စာရင်းကောက်များနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး စာရင်းကောက်ယူရေးအဆင်ပြေစေရန် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအတွင်းရေးမှူးတို့က လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် စုစုပေါင်း စာရင်းစစ် ၃၃ ဦးနှင့် စာရင်းကောက် ၁၂၄ ဦးတို့က အောက်တိုဘာ ၁၅ ရက်နေ့အထိ နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ကောက်ကွက် ၄၁၂ ကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)