လယ်ဝေး အောက်တိုဘာ ၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ရေကြီးနစ်မြုပ်ခြင်းများဖြစ်ပေါ်ခဲ့သည်။
အဆိုပါကျေးရွာများတွင် နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်း၊ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းကုသပေးခြင်း၊ ကလိုရင်းခပ်ခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၄ ရက်နေ့က ဟေမာန်ကျန်းမာရေးဌာနခွဲအပိုင် ဟေမာန်ကျေးရွာတွင် PHJ(People Hope Japan) မှလှူဒါန်းသော သန့်ရှင်းရေးသုံးပစ္စည်း ၈ မျိုးကို အိမ်ထောင်စု ၃၄၀ စုအတွက် ပေးအပ်ခဲ့ကြကာ ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ Life Straw တစ်လုံး လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)