တန့်ယန်း အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးဌာနပိုင် မြို့မစျေးအနောက်ဘက်ခြမ်းရှိ အဆင့်မြင့် RC နှစ်ထပ် စျေးရုံသစ်ကြီး တည်ဆောက်ပြီးစီးမှုအား တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ အဆင့်မြင့် RC နှစ်ထပ် စျေးရုံသစ်ကြီး တည်ဆောက်လုပ်ပြီးစီးမှုအား နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းတင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိ ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုစစ်ဆေးကြရာ မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် စျေးရုံသစ်တည်ဆောက်သည့် 178 Construction Co.,Ltd မှ တာဝန်ရှိသူက စျေးရုံတည်ဆောက်ပြီးစီးမှုနှင့် ဆိုင်ခန်းများဖွဲ့စည်းမှု အခြေအနေကို ရှင်းလင်းတင်ပြကာ ဈေးရုံသစ်ကြီးအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ စျေးရုံသစ်မှာ အလျား ၂၀၀ ပေ၊ အနံ ၈၆ ပေရှိ အဆင့်မြင့် RC နှစ်ထပ် စျေးရုံသစ်ကြီးဖြစ်ပြီးဆိုင်ခန်းပေါင်း ၁၈၆ ခန်းပါရှိကြောင်း မြို့နယ်စည်ပင် သာယာရေးဌာနမှ သိရသည်။
မင်းလွင်ဦး(တန့်ယန်း)