ပင်လုံ အောက်တိုဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ(၁)ရက်နံနက်ပိုင်းမှစ၍ ပင်လုံမြို့အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီး၌ စတင်ကောက်ယူဆောင်ရွက်လျက်ရှိသည်။
အဆိုပါသန်းခေါင်စာရင်းကောက်ယူရာတွင် ပင်လုံမြို့အတွင်းရှိ ရပ်ကွက်(၄)ခု၊ ကျေးရွာအုပ်စု(၈)ရှိ ကျေးရွာများ၌ တာဝန်ကျစာရင်းစစ်၊စာရင်းကောက် ဆရာ/ ဆရာမများက လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူလျက်ရှိရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်၏ ကြီးကြပ်မှုဖြင့် မြို့အဆင့်၊ ရပ်/ကျေးအဆင့် ကော်မတီဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများနှင့် တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကောက်ယူခြင်းများကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာအောင်ကြီးကြပ်၍ မြို့နယ်ဦးစီးမှူး ဦးမိုးမောင်မောင်ခင်နှင့်ဝန်ထမ်းများ၊ ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ပင်လုံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီးလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)