ချမ်းမြသာစည် အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ (လေးရက်မြောက်နေ့)ကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးရဲမင်းထွန်းနှင့် အဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအား (၁-၁၀-၂၀၂၄)မှ (၁၅-၁၀-၂၀၂၄)ရက်နေ့ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၄)ရပ်ကွက်ရှိ အိမ်ထောင်စု စာရင်းကောက်ကွက်(၄၇၉)ကွက်တို့တွင် စာရင်းကောက်အဖွဲ့(၃၇)ဖွဲ့တို့ဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရမည့် ပြည်သူများအား အိမ်ထောင်စု၊ လူဦးရေနှင့်အိမ်အကြောင်းအရာဆိုင်ရာ မေးခွန်းပေါင်း(၆၈)ချက်ကို မေးမြန်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် တစ်အိမ်တက်ဆင်း တာဝန်ကျဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ကောက်ယူလျက်ရှိရာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။
ချမ်းမြေ့