ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား လိုက်လံကြည့်ရှုအားပေး

ဟိုပုံး အောက်တိုဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အလက်များကိုရရှိရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က နမ့်ခုတ်ကျေးရွာအုပ်စု၊ ​နမ့်ခုတ်ကျေးရွာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ကောက်ကွက် (၂၁၆) ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်နှင့် စေတနာ့ဝန်ထမ်း (၉၂)ဦးတို့ဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများတိကျမှန်ကန်စွာ ရရှိရေးအတွက် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်(၆၈)ချက်ပါ မေးမြန်းချက်များဖြင့်လည်းကောင်း၊ အဖွဲ့အစည်းများကို အချက်(၁၈) ချက်ပါ မေးမြန်းချက်များဖြင့်လည်းကောင်း CAPI နည်းပညာဖြင့် Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူဆောင်ရွက်လျက်ရှိသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)