ရန်ကုန် အောက်တိုဘာ ၅
ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာအကူအညီများအတွက် အနယ်နယ်အရပ်ရပ်မှစေတနာအလှူရှင်များက ငွေသားနှင့် အရေးပေါ်သုံးပစ္စည်းများ ပံ့ပိုးကူညီလှူဒါန်းလျက်ရှိရာ အောက်တိုဘာလ(၃)ရက်နေ့တွင် အသင်းရန်ကုန်ရုံးခွဲ၌ လာရောက်လှူဒါန်းခဲ့ကြသည်။
လှူဒါန်းပွဲတွင် LOTTE Hotel Yangon & Posco International Amara Co.,Ltd. က ငွေကျပ် ၆,၀၀၀,၀၀၀/-ကျပ်၊ Team Advantis Logestic က ငွေကျပ် ၇၅၀,၀၀၀/-ကျပ်၊ Evergreen International Myanmar Co., Ltd က ငွေကျပ် ၂,၀၀၀,၀၀၀/- ကျပ်တို့ကို လှူဒါန်းခဲ့ရာ အသင်းဒုတိယဥက္ကဋ္ဌဒေါက်တာဒေါ်တင်တင်လေးနှင့် အချိန်ပြည့်/အချိန်ပိုင်း အလုပ်အမှုဆောင်များက လက်ခံရယူခဲ့သည်။
ထို့နောက် အလှူရှင်များအား အသင်းဒုတိယဥက္ကဋ္ဌနှင့် အချိန်ပိုင်း/အချိန်ပြည့် အလုပ်အမှုဆောင်များက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများအတွက် ယခုကဲ့သို့ ပါဝင်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)