ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ

ရမည်းသင်း အောက်တိုဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ရပ်ကွက်နှင့် ကျေးရွာများအတွင်း သန်းခေါင်စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာ ၁ ရက်နေ့က စတင်ကွင်းဆင်း‌ကောက်ယူလျက်ရှိသည်။

ရမည်းသင်းမြို့နယ်တွင် ရပ်ကွက်ကြီး (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၃) အုပ်စု၌ ကောက်ကွက်ပေါင်း (၅၆၀) ရှိ အိမ်ခြေ၊ အိမ်ထောင်စု(၆၀၀၀၀)ကျော်၊ လူဦးရေ (၂၇၀၀၀၀) ကျော်အား စာရင်းကောက်အဖွဲ (၄၇) ဖွဲ့ဖြင့် ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူနေမှုများအား ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လူမှုရေးအသင်းအဖဲ့များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရမည်းသင်း သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များ အောက်တိုဘာ ၁ ရက် မှ ယနေ့ထိ အိမ်ထောင်စု (၁၅၀၀၀) ကျော် ကောက်ယူပြီးစီးကာ သတ်မှတ်ကာလအတွင်းအချိန်မီ ပြီးစီအောင်ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)