ရန်ကုန် အောက်တိုဘာ ၄
မြန်မာနိုင်ငံ၏ တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ စာရင်းအင်းအချက်အလက်များအား အချိန်နှင့်တပြေးညီ စဉ်ဆက်မပြတ်ရရှိစေရေး၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာသုတေသနပြုပြီး လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စများအတွက် မူဝါဒချမှတ်နိုင်ရေး အထောက်အပံ့ပြုနိုင်ရန်နှင့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံတဝန်းလုံးတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ကောက်ယူခြင်းလုပ်ငန်းများကို အောက်တိုဘာ (၁) ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ် အမှတ်(၂) ရပ်ကွက်နှင့် အမှတ် (၃)ရပ်ကွက်များတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ဆက်လက်၍ စာရင်းစစ်၊ စာရင်းကောက်များဖြင့် ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်နေမှုအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆကသွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးသည် သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး သက်တင်အောင်၊ သင်္ဃန်းကျွန်းခရိုင် သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသက်ခိုင်နှင့် ခရိုင်ကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းအောင်တို့လိုက်ပါ၍ ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပံပိုးပေးခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၁၄၂) ကွက်ရှိပြီး လူဦးနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စာရင်းစစ်၊ စာရင်းကောက် (၇၄)ဦးတို့ဖြင့် အဖွဲ့များခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
လှလှထွေး(ပြန်/ဆက်)