မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူရာ တာ၀န်ရှိသူများ လိုက်လံကြည်ရှု

မြောက်ဥက္ကလာပ    အောက်တိုဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူကြမည့် စာရင်းစစ်၊ စာရင်းကောက်ယူသူသည် ယနေ့နံနက်ပိုင်းက  သတ်မှတ်ထားသောကောက်ကွက်များတွင်  စာရင်းများကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်အဖွဲ့များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် မြို့နယ်အတွင်းနေထိုင်သောသူများ၏ လူဦးရေဆိုင်ရာအချက်အလက်များအား ပြည်သူများထံအရောက်ကွင်းဆင်းမေးမြန်း Molile Tablet များဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးချကာကောက်ယူလျက်ရှိပြီး ယနေနံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းရပ်ကွက်၊ တံတားကြီးရပ်ကွက်၊ ပုရွက်ဆိတ်ကုန်းရပ်ကွက်၊ (က)ရပ်ကွက် တို့အား စာရင်းကောက်ယူရေးအဖွဲ့များက ဆက်လက်ကောက်ယူလျက်ရှိရာ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုများကို လူဦးရေနှင့်အိမ်အကြောင်းအရာ မြို့နယ်သန်းခေါင်စာရင်း‌ကော်မတီဥက္ကဋ္ဌ  မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦအောင်‌လောဟာနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှုးဦးစံသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီများ လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

အဆိုပါ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ နံနက်(၇)နာရီမှ ညနေ(၆) နာရီအတွင်း နေအိမ်များသို့ လိုက်လံကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)