မိုင်းပန်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မိုင်းပန် အောက်တိုဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူ‌ထောင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းကို သင်တန်းသား (၅၀) ဦးဖြင့် စက်တင်ဘာလ ၉ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ယနေ့ နံနက် နာရီက ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မြတ်က သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်‌ရေးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်တို့က အရန်မီးသတ်တပ်ဖွဲ့ဝင်များအား သင်တန်းဆင်းလက်မှတ်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)