မိုးနဲ အောက်တိုဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ သန်းခေါင်းစာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်များသည် ယမန်နေ့ညနေပိုင်းက ဥယျာဥ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်း၍ စာရင်းကောက်ယူလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သန်းခေါင်စာရင်းကောက်များမှ လူတိုင်းတန်းတူညီမျှအခွင့်အရေးရရှိနိုင်ရေးနှင့် လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာ ရရှိနိုင်ရေးတို့အတွက် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာများတွင် နေထိုင်သူများ၏ လူဦးရေဆိုင်ရာအချက်အလက်များ မေးမြန်းကောက်ယူနေမှုများကို မြို့နယ်သန်းခေါင်စာရင်းကောက်ယူမှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန မြို့နယ်လဝကမှူးဦးကျော်ကျော်ခိုင်နှင့် တာဝန်ရှိသူများကလိုက်ပါကြည့်ရှုခဲ့ကြပြီး အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်များသို့ လိုက်လံကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)