ကွန်ဟိန်းမြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲဆောင်ရွက်

ကွန်ဟိန်း  အောက်တိုဘာ  ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့်ဟောပြောပွဲအား ယနေ့နံနက် (၁၀)နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကလေးငယ်များအသိပညာဗဟုသုတများရရှိစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲအား ကလေးငယ်များဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန်၊ ဗဟုသုတများတိုးပွါးလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်း၊ ဖတ်ရှုစေခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)