ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (တတိယနေ့) ဆက်လက်ကောက်ယူ

ကြည့်မြင်တိုင် အောက်တိုဘာ ၃

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း(တတိယနေ့)ကို ယနေ့နံနက် ၇ နာရီမှစ၍ ရန်တုန်တိုင်းဒေသကြီး၊ အလုံခရိုင် ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်းတောင်(အရှေ့)ရပ်ကွက်နှင့် မကျည်းမြောက်(အနောက်)ရပ်ကွက်တို့တွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များမှ ကောက်ယူလျက်ရှိကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက် ၂၂ ရပ်ကွက်ရှိပြီး စာရင်းစစ်၊ စာရင်းစစ်ကောက် အဖွဲ့ (၁၉) ဖွဲ့ဖြင့် တစ်နေ့လျှင် ကောက်ကွက် (၁၉)ကွက်ဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ပြီး စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များမှ မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း အိမ်တိုင်ရာရောက် Mobile Tablet များ  အသုံးပြု၍ သန်းခေါင်စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာသို့  မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညီညီနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)