ရပ်စောက် စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်) ကျောက်စိမ်းခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အရေးရာအသိပညာပေးဟောပြောပွဲ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောချက်များအပေါ် မေးခွန်းများ ပြန်လည်မေးမြန်း၍ အဖြေမှန်သော ကျောင်းသား/ကျောင်းသူများအား ဆုတော်ငွေများ ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးက ကျောင်းစာကြည့်တိုက်အတွက် သုတရသအုပ်စာစောင် (၂၅) အုပ်ကို ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများစုစုပေါင်း (၄၅၀) ဦး တက်ရောက်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)