မရမ်းကုန်း အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူကြမည့် စာရင်းစစ်/စာရင်းကောက်များသည် ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (ရေကူး)ဝန်ထမ်းအိမ်ရာတွင် စာရင်းများကောက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်အဖွဲ့များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် မြို့နယ်အတွင်းနေထိုင်သောသူများ၏ လူဦးရေဆိုင်ရာအချက်အလက်များအား ပြည်သူများထံအရောက်ကွင်းဆင်း မေးမြန်းကောက်ယူလျက်ရှိရာ ခရိုင်သန်းခေါင်စာရင်းကော်မတီဝင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ဖြိုးအောင်ဟိန်းနှင့် ခရိုင်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ အတွင်းရေးမှူး မရမ်းကုန်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးခိုင်အုန်းနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့် အတွင်းရေးမှူး မြို့နယ်လဝကဦးစီးမှူး ဦးသန့်စင်တို့က လှည့်လည်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ နံနက်(၇)နာရီမှညနေ(၆) နာရီအတွင်း နေအိမ်များသို့ လိုက်လံကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
(မြို့နယ်ပြန်ဆက်)