မုဒုံ အောက်တိုဘာ ၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာများ၌ ဆက်လက် ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်များနှင့် အိမ်အကြောင်းအရာ (၆၈) ချက်တို့ကို မေးမြန်းကောက်ယူသွားမည်ဖြစ်ပြီး ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုသည်။
မုဒုံမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာ (၄၂)မှ ကောက်ကွက်ပေါင်း (၂၆၆) ကွက်၌ စာရင်းစစ် (၂၂) ဦး၊ စာရင်းကောက် (၈၂)ဦးတို့က အဖွဲ့များခွဲကာ CAPI နည်းပညာဖြင့် Tablet အသုံးပြု၍ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)