ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်/ ကျေးရွာအသီးသီး၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူ

ဒဂုံအရှေ့  အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီး၌ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ကောက်ယူရာ၌ မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာများ၌ စာရင်းစစ်၊ စာရင်းကောက်များက တစ်အိမ်တက်ဆင်းကောက်ယူလျက်ရှိကြောင်းသိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ရပ်ကွက် (၄၂) ရပ်ကွက်၊ ကျေးရွာ(၃)ရွာ၌ စာရင်းစစ်( ၃၃) ဦး၊ စာရင်းကောက် (၁၂၆)ဦး၊ စုစုပေါင်း (၁၅၉) ဦး၊ အရန် (၉)ဦးဖြင့် ကောက်ကွက် (၃၈၆) ကွက်ဖြင့်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)