ကွန်ဟိန်း အောက်တိုဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့နံနက်ပိုင်းကစ၍ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီး၌ စတင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါသန်းခေါင်စာရင်းကောက်ယူရာတွင် ကွန်ဟိန်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၁)ခု၊ ကျေးရွာအုပ်စု(၁၄)၊ ကျေးရွာပေါင်း (၁၃၈)ရွာရှိ ကောက်ကွက်ပေါင်း (၁၂၀) ၌ စာရင်းစစ်၊စာရင်းကောက် ၊ Volunteer များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများတို့က လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို စတင်ကောက်ယူလျက်ရှိသည်။
အဆိုပါ ကွင်းဆင်းကောက်ယူမှုတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုက်လံကြည့်ရှုအားပေးပြီးလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)