မွန်ပြည်နယ်လူမှုရေးရာဝန်ကြီး ကျိုက်မရောမြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူနေမှု ကြည့်ရှုအားပေး

ကျိုက်မရော အောက်တိုဘာ ၂

ကျိုက်မရောမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုအား အောက်တိုဘာ ၂ ရက်နံနက်က မွန်ပြည်နယ်၊ သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီဝင် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ခရိုင်နှင့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ထိုကဲ့သို့ သန်းခေါင်စာရင်း ကောက်ယူရာတွင် မြို့ပေါ်ရပ်ကွက်များ၌ စာရင်းကောက်ကွက်များရှိ စာရင်းစစ်၊ စာရင်းကောက်သူများက စာရင်းများ တိကျမှန်ကန်စွာ ရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ စနစ်တကျ မေးမြန်းနေမှုများကို ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီပေးခဲ့သည်။

ကျိုက်မရောမြို့နယ်ရပ်ကွက်/ ကျေးရွာများ၌ သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း (၁၇၈)ကွက်ရှိပြီး မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မူ ကော်မတီ၏ ဦးဆောင်မှုဖြင့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် (၁၀၉)ဦးတို့မှ ဆက်လက် ကောက်ယူလျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး ( ပြန်/ဆက်)