လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကွင်းဆင်းကောက်ယူ

လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စုရပ်၍စာရင်းစစ်/စာရင်းကောက်များက ကောက်ကွက် (၅၃) ကွက်ဖြင့် ယမန်နေ့နံနက် ၇ နာရီက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ ကောက်ယူခြင်းလုပ်ငန်းကို စတင်ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ မှန်ကန်စွာရရှိနိုင်ရေးအတွက်ရပ်ကွက်အတွင်းအိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့်အိမ်အကြောင်းအရာအချက်အလက်များကို စတင်ကောက်ယူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကို၊အဖွဲ့ဝင် (၁)ဗိုလ်မှူး ကြည်သာဇော်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးတို့က ဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့ဝင်တို့ အိမ်အကြောင်းအရာနှင့်သန်းခေါင်စာရင်းကောက်ယူနေမှုကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ထို့ပြင် ၂၀၂၄ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိလူနေအိမ်များသို့ CAPI နည်းပညာဖြင့်Tablet အသုံးပြုပြီး  နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ကောက်ကွက် ၅၃ ကွက်ကို ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်၀င်းမူ (ပြန်/ဆက်)