မရမ်းကုန်း အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူကြမည့် စာရင်းစစ်/ စာရင်းကောက်များသည် ယနေ့နံနက် (၇) နာရီအချိန်က မရမ်းကုန်းမြို့နယ် အမှတ် (၄) ရပ်ကွက်နှင့် အမှတ် (၆) ရပ်ကွက်များတွင် စတင်စာရင်းများ ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်အဖွဲ့များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် မြို့နယ်အတွင်းနေထိုင်သောသူများ၏ လူဦးရေဆိုင်ရာအချက်အလက်များအား ပြည်သူများထံအရောက် ကွင်းဆင်းမေးမြန်းကောက်ယူလျက်ရှိရာ မြို့နယ်သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ လှည့်လည်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းသည် လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်ထောင်စုများ၏ ဝိသေသလက္ခဏာများကို ရရှိနိုင်သည့် အရေးကြီးသော ရင်းမြစ်တစ်ခုဖြစ်သည်နှင့်အညီ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ နံနက် (၇) နာရီမှ ညနေ (၆) နာရီအတွင်း နေအိမ်များသို့ လိုက်လံကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)