တာလေမြို့၌ ၂၀၂၄ခုနှစ်၊ လူဦး​ရေနှင့်အိမ်အ​ကြောင်း အရာသန်းခေါင်စာရင်း ​ကောက်ယူရေးလုပ်ငန်းများ စတင်​ဆောင်ရွက်

တာလေ ​အောက်တိုဘာ ၁

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦး​ရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ​ရေးလုပ်ငန်းများကို ​မြို့နယ်သန်း​ကောင်စာရင်း​ကော်မတီ၏ကြီးကြပ်မှုဖြင့် ယနေ့​ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စာရင်းစစ်၊ စာရင်း​ကောက်အဖွဲ့များက ​တစ်အိမ်တက်ဆင်း ​ကောက်ယူလျက်ရှိ​ကြောင်း သိရသည်။

ထိုသို့ လူဦး​ရေနှင့်အိမ်အ​ကြောင်းအရာသန်းခေါင်စာရင်း ​ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်း​အဖွဲ့(၅)ဖွဲ့မှ စာရင်း​ကောက်ဦး​ရေ (၂၅)ဦးက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ​ကျေးရွာများတွင် စာရင်းစစ်၊ စာရင်း​ကောက်အဖွဲ့များက ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် ( Computer Assisted Personal Interviews –CAPI) ဖြင့်(Mobile Tablet) များကို အသုံးပြုကာအိမ်​ထောင်စု ​မေးခွန်းပုံစံ(၆၈)ခု၊ အဖွဲ့အစည်း​မေးခွန်းပုံစံ (၁၈)ခုဖြင့် တစ်အိမ်တက်ဆင်း ​ကောက်ယူလျက်ရှိ​ကြောင်း သိရသည်။

​အဆိုပါ စာရင်း​ကောက်ယူ​နေမှုများကို တာလေတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးဦးလင်း‌ဇော်ဖြိုး၊ မြို့သန်းခေါင်စာရင်း​ကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံးမှ မြို့ဦးစီးမှူး ဦးစိုးနိုင်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များက စာရင်း​ကောက်​နေမှုအ​ခြေအ​နေများကို ကြီးကြပ်ဆောင်ရွက်​ပေးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်နှင့်​ကျေးရွာများမှ အုပ်ချုပ်​ရေးမှူးများနှင့် စာ​ရေးများက ပူး​ပေါင်း​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

မိုးလရောင် (ပြန်ဆက်)