မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုအခြေအနေအား တာဝန်ရှိသူများက ကြည့်ရှု့အားပေး

မိတ္ထီလာ  အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုကို  အောက်တိုဘာလ (၁) ရက်နေ့ နံနက် (၈) နာရီအချိန်က စတင်ကောက်ယူလျက်ရှိရာ အဆိုပါကောက်ယူမှုအခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။  

မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်းကောက်ယူမှုကို စာရင်းစစ် (၅၉) ဦးနှင့် စာရင်းကောက် (၂၂၃) ဦး  စုစုပေါင်း  (၂၈၂) ဦးတို့ဖြင့် ကောက်ကွက် (၇၁၂) ကွက်အား အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ ကောက်ယူလျက်ရှိရာ ၎င်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းကျော်နှင့်အဖွဲ့ဝင်များ၊ မြိုနယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊  မြိုနယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဌေးဝင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု့အားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို မြို့နယ်အတွင်းရှိ ကောက်ကွက် (၇၁၂) ကွက်အား အိမ်ထောင်စုကောက်ကွက် (၅၄) ဖွဲ့ဖြင့် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၄) နာရီအချိန် ကောက်ယူသွားမည်ဖြစ်ကြောင်း  သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)