ဆီဆိုင် အောက်တိုဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာ စာရင်းကောက်ကွက်အသီးသီး၌ ယနေ့နံနက်ပိုင်းက စတင်ကောက်ယူကြသည်။
ထိုသို့ စာရင်းကောက်ယူရာတွင် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ဆီဆိုင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၆) ခု၊ ကျေးရွာအုပ်စု (၉) စု၊ စာရင်းကောက်ကွက်ပေါင်း ၁၅၉ ကွက်တို့၌ စာရင်းစစ် ၂၄ ဦး၊ စာရင်းကောက် ၆၈ ဦးတို့က Mobile Tablet များ အသုံးပြု၍ တစ်အိမ်တက်တစ်အိမ်ဆင်း စနစ်ဖြင့် အောက်တိုဘာလ ၁ရက်နေ့မှ ၁၅ ရက်နေ့အထိ စာရင်းကောက်ယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)